ဘာဗင်ဒါ(Vhavenda)လူမျိုးများ
ဘာဗင်ဒါ လူမျိုးများသည် တောင်အာဖရိကတွင် အခြေချနေထိုင်သော အာဖရိက လူမျိုးစုတစ်စုဖြစ်သည့် Vendaအနွယ်မှ ဆင်းသက်လာကြသူများ ဖြစ်သည်။
အထူးသဖြင့် ယင်းတ်ု့၏ ယဉ်ကျေးမူဆိုင်ရာများကို တောင်အာဖရိက မြောက်ဘက်ပိုင်း Soutpansbergဟု အမည်ရသော တောင်တန်းများတစ်ဝိုက်တွင်တွေ့ရှိခဲ့ကြသည်။ သို့သော်လည်း vhavendaလူမျိုးတို့၏ ဇစ်မြစ် အစစ်အမှန်ကိုမူ မည်သူကမျှ တိတိကျကျ ပြောနိူင်လိမ့်မည် မဟုတ်ပေ။
vhavendaတို့၏ ထိုနေရာသည် ဇင်ဘာကွေ့ (Zimbabwe)နိူင်ငံနှင့် Mozambiqueအမည်ရသော
ဒေသနှင့် ခြားထားပေးသော နယ်ခြားစည်းတစ်ခုအဖြစ်ရှိသည်။ထိုလူမျိူးစုတွင် မှော်ဆန်သော ဘာသာရေးယုံကြည်မူများရှိကြသည်။
ယင်းတို့၏ ယုံကြည်မူအရ နတ်ဝိဇ္ဇာအတတ်သည် လူတို့၏ဘဝကို ကောင်းကျိုးသက်ရောက်န်ူင်စေခြင်း သြဇာသက်ရောက်နိူင်စေခြင်းတို့အတွက် အလေ့အကျင့်တစ်ခုပင်ဖြစ်
သည်။
ထိုအလေ့အကျင့်သည် vhavendaတို့၏ ကြားတွင် ပျံနှံနေဆဲဖြစ်သည်။
ထိုလူမျိုးစုထဲတွင် Nganga ခေါ် ဆေးဆရာ နှင့် Mungoma ခေါ် နတ်ဆရာတို့မှာ အလွန်အရေးပါသူများဖြစ်ကြသည်။
Ngangaတို့သည် ပယောဂကြောင့်ဖြစ်သော ရောဂါဝေဒနာများကို ကုသနိူင်ကြသည်။ အထူးသဖြင့် ဘာဗင်ဒါလူမျိုးများသည် ရောဂါဖြစ်ပျက်မူများတွင် မှော်ဆရာနှင့်စုန်းများကို အဓိကထားတတ်ကြသည်။
စုန်းကဝေများသည် အနာရောဂါများကို ပျောက်ကင်းအောင်လုပ်ပေးနိူင်သော ဆုကိုပိုင်ဆိုင်ထားသူများဖြစ်သည်ဟု vhavendaတို့က ယုံကြည်ကြသည်။
ထို vhavendaတို့တွင် luvhim ba သို့မဟုတ် mwallဟု အမည်ရသော နတ်ဘုရားကို ကိုးကွယ်ကြသည် ။ ထိုနတ်ဘုရားသည် ကောင်းကင်ဘုံတွင် နေထိုင်ပြီး နက္ခဗေဒဆိုင်ရာဖြစ်ရပ်များနှင့် ရုပ်ပိုင်းဆိုင်ရပ်များအားလုံးကို ဆက်နွယ်ပိုင်စိုးထားသည်။
ထိုကြောင့် vhavendaတို့အတွက် ကျိုင်းကောင်များ ကျူးကျော်ဖျတ်စီးခံရခြင်း ရေကြီးခြင်း သဘာဝဘေးအန္တရာယ်များ ကြုံဆုံရခြင်းများမှာ နတ်ဘုရား၏ စိတ်ဆိုးဒေါသထွက်ခြင်
းကြောင့်သာ ဖြစ်သည်ဟူ၏။
ဘာဗင်ဒါတို့တွင် Muloi ခေါ်မှော်ဆရာနှင့် Vhaloi ခေါ် စုန်းတို့ ရှိကြသည်။ စုန်းဟုဆိုရာတွင် နှစ်မျိုးဂှိသည်။ ပထမတစ်မျိုးမှာ စုန်းအတတ်ကို တမင်တကာ မတတ်တတ်အောင် လိုက်လံသင်ယူထားသော စုန်းဖြစ်သည်။
ယင်းတို့သည် ထိုပညာကို Ngangaများထံမှ ငွေကြေးပေး၍ သင်ယူကြသည်။ ပြီးလျှင် သူတို့မနာလိုမုန်းတီးသူများကို စုန်းအတတ်ဖြင့် ပြုစားကြ၏။
ဒုတိယမြောက်စုန်းမှာမူ စုန်းပညာကို တမင်တကာ သင်ယူထားခြင်းမဟုတ်ဘဲ အလိုအလျှောတ်တတ်မြောက်လာသော ဝမ်းတွင်းစုန်းများဖြစ်သည်။
ထိုစုန်းမျိုးသည် အိပ်နေရင်းဖြင့် သူ့အထဲသို့ စုန်းအတတ်တတ်သောသူမှ ပူးဝင်ပြီး စုန်းအတတ်ကို တတ်မြောက်လာခြင်းဖြစ်သည်။ ယင်းတို့သည် နေ့အခါတွင် သူလို၊ငါလို အရပ်သားအသွင်ရှိကြပြီး ညအခါတွင်မူ စိတ်ထင်တိုင်း
သောင်းကျန်းပျော်မြူးနေထိုင်တတ်ကြသည်။
ထိုစုန်းမျိုးကို ပယောဂဆရာ Ngangaတို့က စူးစမ်းလေ့လာပြီး သူ့တွင်စွဲကပ်နေသော စုန်းကို ခွာထုတ်ပစ်ရန် ကြိုးစားအားထုတ်ပေးရသည်။
နှစ်ဆယ်ရာစုခေတ်သို့ ရောက်ရှိလာသောအခါတွင်မူ စုန်းမများဟု စွတ်စွဲခံရသူများ၏ နေအိမ်နှင့်ပစ္စည်းဥစ္စာများကို မီးရှို့ဖျတ်စီးခဲ့ကြသည်။
ထိုအဖြစ်အပျက်သည် vhavenda လူမျိုးစုအတွက် ကယောက်ကယက်ဖြစ်အောင် ဖန်တီးခဲ့ကြသည်။
စုန်းအတတ်ကို ယုံကြည်ခြင်းသည် အာဖရိက လူမျိုးစု အတော်များများဆီသို့ ပျံနှံစိမ့်ဝင်နေပြီးသာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုစုန်းအတတ် တတ်မြောက်သူများမှာ စုန်းဆရာဝန်များ ဖြစ်လာကြပြန်တော့သည်။
ထိုကဲ့သို့ပင် vhavenda တို့၏ ဒေသသည် စုန်းများရှိသကဲ့သို့ ဝိညာဉ်များ ကျင်လည်ကျက်စားသည့် နေရာများလည်း ရှိပေသည်။ ၀ ိညာဉ်လောကနှင့်ပက်သတ်၍ ယုံကြည်မှုသည် Vhavenda ၏ အလွန်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ယင်းတို့က သေဆုံးသွားသော ဝိညာဉ်များသည်
အသက်ရှင်သူများထံသို့ အချိန်မရွေးဆက်သွယ်နိူင်ကြသည်ဟု ယူဆထားကြသည်။ လူသိများသော ဝိညာဉ်များ နေထိုင်ရာတစ်ခုကိုတော့ Venda အလွန်ဟု ခေါ်ဆိုကြသည်။ Vhavendaတို့၏ အကြီးအကဲတိုင်းသည် ယင်းတို့ဘိုးဘေးများ၏ ၀ ိညာဉ်များကို ထိန်းသိမ်းရန်တောအုပ် သို့မဟုတ်တောင်တန်းများရှိထားကြသည်။
ထို့ကြောင့်ဤနေရာများမှာများစွာသော
သင်္ချိုင်းဂူများဖြစ်ပေါ်လာရသည်။
သေလွန်သူအကြီးအကဲများ၏ ဝိညာဉ်များသည်
အထူးသဖြင့်အသက်ရှင်သည်ဟုလည်း ယင်းတို့က
ယုံကြည်ကြပြန်လေသည်။
Ref: :
ဆရာဆန်းလွင်၏ လူတို့ကိုးကွယ်ရာ ဘာသာကြီးများ
Occultism in African context: a case for the Vhavenda-speaking people By
.D Mashau

No comments:
Post a Comment