October 28, 2020

ရပ်စ်ပြူတင် (Rasputin 1869-1916)

 ရပ်စ်ပြူတင် (Rasputin 1869-1916)



ရပ်စ်ပြူတင်သည် ၁၉ရာစုနှစ်က ရုရှားပြည်တွင် ပေါ်ပေါ်က်ခဲ့သော မှော်ဆရာ သို ့မဟုတ် ပျောက်စေဆရာတစ်ဦးပင် ဖြစ်သည်။ သူသည် ကျော်ကြားသူတစ်ဦးဖြစ်သော်လည်း နာမည်ကောင်းနှင့် ကျော်ကြားခဲ့သူ မဟုတ်ဘဲ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူသာဖြစ်သည်။ သူ ့ကြောင့် ရှရှားနိူင်ငံ၏ နန်းတွင်းရေး အရှုပ်တော်ပုံများ ပေါ်ပေါ်က်ခဲ့ရသည်။ သူ ့ကို အနောက် ဆိုက်ဗေးရီးယားတွင် ၁၈၆၉ခုနှစ် ဇန်နဝါရီလ ၂၃ရက် စနေနေ ့တွင် မွေးဖွားခဲ့သည်။ မိဘများက အလွန်ဆင်းရဲပြီး ပညာမတတ်သူများ ဖြစ်ကြလေရာ သူသည်လည်း ငယ်စဉ်ကတည်းကပင် ဖခင်နှင့်အတူလိုက်ပြီး မြင်းလိုက်ခိုးခြင်းများကို ပြုခဲ့သည်။

ရပ်စ်ပြူတင်သည် အသက်၁၉နှစ်နှင့်ပင် အိမ်ထောင်ပြုခဲ့သည်။ အိမ်ထောင်ပြုပြီးနောက် သူသည် ခရစ်တော်၏မိခင် မယ်တော်မာရီကို က်ုယ်တိုင်မြင်တွေ ့ခဲ့ရသည်ဟု ထုတ်ဖော်ပြောခဲ့သည်။ ပြီးနောက် ဘာသာရေးဘက်ကို အာရုံပြောင်းသွားခဲ့ပြီး စိတ်တန်ခိုးများ မြင့်တတ်အောင် လေ့ကျင့်ခဲ့သည်။ ထိုလေ့ကျင့်မူကြောင့်ပင် သူသည် ထူးခြားသော မနောအာရုံ အနာဂတ်ကိုကြိုပြောနိူင်သော အမြင် နှင့် ရောဂါများကို ပျောက်ကင်းအောင် ကုသပေးနိူင်သော သူတစ်ယောက်ဖြစ်လာခဲ့သည်။ 

ရပ်စ်ပြူတင်သည် နာမည်ရရှိလာလေရာ နိူင်ငံရေးသမားက သူ ့ကို ချဉ်းကပ်လာကြသည်။ အထူးသဖြင့် ရုရှားမှ အစိုးရဝန်ကြီးများ၏ အပြောင်းအလဲများကို သူက ဆောင်ရွက်ပေးနိူင်သည်ဟူ၏။ ထိုဆောင်ရွက်ပေးမူအတွက် သူ ့ကို ဆောင်ရွက်ခ ရုရှားငွေ ရူဘယ်သောင်းချီ၍ ပေးရသည်။ ထိုကြောင့်ပင် သူသည် ဆိုက်ဗေးရီးယားကျေးလတ်ဒေသတွင် နေ ့ချင်းညချင်း ချမ်းသာကြွယ်ဝသောသူတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုကဲ့သို ့ အစွမ်းထက်လာခဲ့ပြီးနောက် ၁၉၁၃ခုနှစ်၌ ဇာဘုရင်၏ မိဖုရားသည် သူ ့ကို နန်းတော်အတွင်းသို ့ ခေါ်ယူပြီး ပျောက်စေဆရာအဖြစ် ခန် ့အပ်ခဲ့သည်။ ထိုသို ့ ခန် ့အပ်ရသောအကြောင်းမှာလည်း ဇာဘုရင်၏ သားတော်တွင် ဆရာဝန်များ လက်မြှောက်ထားသော သွေးထွက်လွန်ရောဂါ စွဲကပ်နေလေရာ သူက ပျောက်အောင်ကုသပေးနိူင်ခဲ့သောကြောင့်ဖြစ်သည်။

ရပ်စ်ပြူတင်သည် မိန်းမကိစ္စ လွန်စွာရှုပ်သောသူတစ်ယောက်လည်း ဖြစ်သည်။ ပြည်တန်ဆာမတစ်ဦးသည် သူ ့ကို ဓားဖြင့်အချက်ပေါ်င်းများစွာ ထိုးသတ်ခဲ့ဖူးသည်။ သို ့သော် သူ ့ကား မသေ။ ၁၉၁၆ခုနှစ် ဒီဇင်ဘာလတွင်မူ သူက ဘုရင်နီကိုးလပ်စ်ဆီသို ့ စာတစ်စောင် ရေးသားပေးပို ့ခဲ့သည်။ ထိုစာထဲတွင် ရပ်စ်ပြူတင်က သူသည် လာမည့် ဇန်နဝါရီလ ၁ရက်နေ ့မတိုင်မီ လုပ်ကြံသတ်ဖြတ်မူကြောင့် သေရတော့မည်ဖြစ်ကြောင်း ရေးသားထား၏။ ထိုအတူ သူ ့အား လုပ်ကြံသတ်ဖြတ်သူများမှာ ဘုရင်၏ ဆွေတော်မျိုးတော်များထဲက ဖြစ်ခဲ့သည်ဆိုပါလျှင် ဘုရင်၏မိသားစုမှာလည်း ၂၂နှစ်ထက် ပိုနေရလိမ့်မည်မဟုတ်ဟုလည်း ပါရှိပြန်သေး၏။ 

ရပ်စ်ပြူတင်သည် မိမိဘဝအဆုံးသတ်ချိန်ကို ကြိုတင်သိရှိခဲ့ပြီဖြစ်ရာ သူ ့ပိုင်ဆိုင်သမျှ အရာအားလုံးကို သူ၏သမီး မာရီယာထံသို ့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုနောက် လက္ခဏာဆရာ ကိုင်ရိုနဲ ့ တွေ ့ဆုံခဲ့သည်။ ဆရာကိုင်ရိုကလည်း သူ ့အား နန်းတော်တစ်ခုထဲက အဆောင်တစ်ခုထဲတွင် အဆိပ်ခပ်ခံရ သေနတ်နှင့်အပစ်ခံရ ဓါးနှင့်အထိုးခံရပြီးနောက် သူ သေဆုံးရမည်ဖြစ်ပြီး သူ ့အလောင်းကို နိဗားမြစ်အတွင်းမှာ စွန် ့ပစ်ကြလိမ့်မည်ဟု ဟောခဲ့လေသည်။ ထိုအတိုင်းပါပင်။ ၁၉၁၆ခုနှစ် ဒီဇင်ဘာလ၂၉ရက်နေ ့တွင် ဇာဘုရင်တူတော်မှ လူ၄ဦးနှင့်ပေါ်င်းပြီး သူ ့ကို မွိုက်ကာနန်းတော်တွင် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ 

Minsetwai

Ref:
 ဆရာလှမိုး(ပညာရေး)၏ ရပ်စ်ပြူတင်၏ ပျောက်ဆုံးနေသော ရတနာများ
 ဆရာအောင်သန်းချစ်၏ ကမ်ဘာကျော်တို ့၏ စိတ်နယ်လွန်ဖြစ်ရပ်ဆန်းများ

No comments:

ᵖˡᵉᵃˢᵉ ʸᵒᵘ ʳᵉᵃᵈ

Joker

THE JOKER FEELING Home / Contect / About / Books / Gallery MY LIFE လူလောကမှာ တကယ်အောင်မြင်ချင်လျင် နေ့တိုင်းကို စာမေးပွဲဖြေသောနေ့ဟု မှတ်ယူ...