November 03, 2020

လူမျိုးများ

လူမျိုးများ


 သမိုင်းခေတ်ဦးကတည်းက လူသားတို့သည် နေ့စဉ်ကြုံတွေ့နေရသော ပက်ဝန်းကျင်ထဲက သိမြင်နားလည်လာရသော အစစ်အမှန်တရားများကို မည်သို့ပြုမူတုန့်ပြန်ရမည့် နည်းလမ်းများကို ရှာဖွေခဲ့ကြပါသည်။ ပက်ဝန်းကျင်ထဲက သူတို့တွေ့မြင်လာကြသော အစစ်အမှန်တရားများဆိုရာတွင် သဘာဝစွမ်းအားစုများ၊ ရိုးရာနတ်များနှင့် သူတို့စိတ်ထဲတွင် ခံစားလာရသော လူသားများနှင့် လူ့အဖွဲ့အစည်းအပေါ် ကျရောက်လာသော တန်ခိုးသတ္တိများပင်ဖြစ်သည်။ ထိုသိမြင်မူများကြောင့်ပင် လူတို့သည် နေထိုင်မူအတွက် မြို့ပြထူထောင်ခဲ့ကြနိူင်သလိုပင် မိမိတို့အချင်းချင်း အကျင့်စရိုက်နှင့်ယဉ်ကျေးမူတူညီသူများ စုစည်းနေထိုင်ရာမှ လူမျိုးများစတင်ဖြစ်ပေါ်လာသည်ဟု ထင်မိပါသည်။ 


ထိုမှစတင်ဖြစ်ပေါ်လာသော လူမျိုးတိုင်းတွင် အခြေခံကျသော အကြောင်းအရာများ ရှိကြပါလိမ့်မည်။ အချို့သော လူမျိုးများက ဘာသာရေးကိုးကွယ်မူကို အလေးထားကြပြီး အချို့သော လူမျိုးများက စစ်တွင် မွေ့လျော်ကြသလို အချို့မှာလည်း စိုက်ပျိုးရေးတွင်သာ အားသန်ကြသကဲ့သို့ လူမျိုးတစ်ခုစီတိုင်း ပုံသေကားချပ်တစ်ခုစီတော့ ရှိတတ်ကြပါသည်။  ထိုလူမျိုးစုများထဲတွင် မည်သည့်လူမျိုးစုများသည် မှော်ပညာနှင့် ပတ်သတ်သော ယုံကြည်ချက်နှင့် ဓလေ့ထုံးထမ်းရှိတတ်ကြသည်ကို ရှာဖွေလေ့လာကြည့်သင့်သည်ဟု ထင်မိပါသည်။ ယနေ့ချိန်ထိ တည်ရှိလျှက်ရှိသော ရှေးကျသောလူမျိုးများတွင် သဘာဝလွန်သော ဇာတ်လမ်းအခင်းအကျင်း(Supernatural scene)များသည် အကန့်အသတ်မဲ့စွာဖြင့် ပုံစံအမျိုးမျိုးကို ပြောင်းလဲဖြစ်ပေါ်လျှက် ရှိကြသည်။ 


အရပ်ဒေသတစ်ခုတွင် ကျင့်သုံးသော ယုံကြည်စွဲလမ်းမူနှင့် ဘာသာရေးအလေ့အထများကို အခြားအရပ်ဒေသမှ ယုံကြည်စွဲလမ်းမူများနှင့် နှိုင်းယှဉ်လေ့လာကြည့်ရာတွင် သဘောတရားအတော်များများ တူညီလျှက်ရှိနေတတ်ကြသည်။ သို့သော်လည်း လူရိုင်းများတွင် အာရုံခံစားချက်များကို သုံးသပ်ဆင်ခြင်လေ့ မပြုခဲ့ကြပါ။ အာရုံခံစားချက်များ၏ အတွင်းသို့ကြည့်၍ ခွဲခြမ်းစိတ်ဖြာခြဂ်းလည်း မပြုခဲ့ကြပါ။ ၎င်းတို့ကို အပေါ်ယံအမြင်အတိုင်းပင် လက်ခံထားခဲ့ကြသည်။ များသောအားဖြင့် ၎င်းတို့၏ အာရုံခံစားမူများသည် လူမျိုးစုဓလေ့ထုံးစံများနှင့် ၎င်းတို့ လက်ခံထားသော ယုံကြည်မူများမှတဆင့် ပေါ်ပေါ်က်လာခဲ့ခြင်းများပင် ဖြစ်သည်။ထိုကြောင့် ယင်းတို့၏ ယုံကြည်လက်ခံမူများထဲတွင် ရှေးဟောင်းမှော်ပညာရပ်များ မည်မျှရောစပ်ပါဝင်ခဲ့သနည်းကို လေ့လာဖော်ထုတ်ကြရခြင်းပင် ဖြစ်၏။


ကိုးကား

#ဆရာဆန်းလွင်၏ လူတို့ကိုးကွယ်ရာဘာသာတရားများ

Aug12.2020

#Minsetwai

No comments:

ᵖˡᵉᵃˢᵉ ʸᵒᵘ ʳᵉᵃᵈ

Joker

THE JOKER FEELING Home / Contect / About / Books / Gallery MY LIFE လူလောကမှာ တကယ်အောင်မြင်ချင်လျင် နေ့တိုင်းကို စာမေးပွဲဖြေသောနေ့ဟု မှတ်ယူ...