November 03, 2020

ဟိုးမား(Homar)

 ဟိုးမား(Homar)

(BC၈ရာစု)
_____________
ဟိုးမားသည် ဂရိစာ​ပေသမိုင်းတွင် အလွန်မှ ထင်ရှားသော ကဗျာဆရာကြီးတစ်ယောက်ဖြစ်ပြီး အီးလီယက် နှင့် အိုဒက်ဆီဟူသော ကဗျာနှစ်ပုဒ်ရေးခဲ့ရာ နှစ်ပုဒ်စလုံးမှာ ကမ်ဘာကျော်ခဲ့သည်။ ထိုကဗျာရှည်ကြီးနှစ်ပုဒ်သည် လူတစ်ယောက်တည်းက ရေးခဲ့ခြင်းလော၊ လူအများက ပေါ်င်း၍ ရေးခဲ့ခြင်းလောဟု စာပေသုတေသီများကပင် တအံတသြဖြင့် အဖြေရှာခဲ့ကြဖူးသည်။ နောက်ဆုံးမှာ သုတေသီတို့က ဟိုးမားဆိုသူ ရှိခဲ့ဖူးကြောင်း လက်ခံခဲ့ကြသည်။ဟိုးမားကို ယနေ့ဂရိနိူင်ငံ၏ အေ့ရှပိုင်း Agean ပင်လယ်ကမ်းခြေမှ အိုင်အိုးနီးယား(Ionia)နယ်တွင် ဖွားမြင်ခဲ့သည်။ သူ၏ မွေးဖွားချိန်၊ ကွယ်လွန်ချိန်များနှင့် ပက်သတ်ပြီး အထောက်အထားမကျန်ရစ်သဖြင့် သမိုင်းပညာရှင်များက BC ၈ရာစုအတွင်းသာ ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။ ဟိုးမားရေးခဲ့သော အီးလီယက်စ်ဟူသည် ကဗျာရှည်၏ အဓိပ္ပါယ်မှာ "အီလီယွန်မြို့အကြောင်း ကဗျာ"ဖြစ်ပြီး အုပ်တွဲပေါ်င်း ၂၃တွဲရှိသော မဟာကဗျာများပင်ဖြစ်သည်။ ထိုအတူ အိုဒက်ဆီဆိုသော ကဗျာရှည်မှာလည်း ယနေ့တိုင် ထင်ပေါ်ကျော်ကြားနေဆဲဖစ်သော ကဗျာတစ်ပုဒ်ဖြစ်သည်။
ထိုကဗျာဆရာကို ရှေးစကားများအရ သူသည် အရပ်ရပ်သို့လှည့်၍ မိမိ၏ကဗျာများကို ရွတ်ဆိုပြလေ့ရှိသော မျတ်မမြင် အဖိုးအိုတစ်ယောက်ဖြစ်သည်ဟုလည်း ဆိုကြသည်။ မည်သို့ပင်ဆိုစေ ရှေးခေတ် ဂရိအမျိုးသားတို့၏ အယူဝါဒနှင့်စာပေကို လည်းကောင်း၊ လူနေမူစနစ်ကိုလည်းကောင်း ဟိုးမား၏ကဗျာမှတစ်ဆင့် လေ့လာသိရှိနိူင်သည်က အမှန်ပင်ဖြစ်ခဲ့သည်။ ထိုအတူ ရောမကဗျာဆရာများသည်လည်း ကဗျာများစတင်ရေးသားရာတွင် ဟိုးမား၏ ကဗျာများကို အတုယူ၍ ရေးသားခဲ့ကြရခြင်းပင်ဖြစ်သည်။
Ref::wikipidia






No comments:

ᵖˡᵉᵃˢᵉ ʸᵒᵘ ʳᵉᵃᵈ

Joker

THE JOKER FEELING Home / Contect / About / Books / Gallery MY LIFE လူလောကမှာ တကယ်အောင်မြင်ချင်လျင် နေ့တိုင်းကို စာမေးပွဲဖြေသောနေ့ဟု မှတ်ယူ...