November 11, 2020

အိန္ဒိယပြည်မှမှော်

အိန္ဒိယပြည်မှမှော်


အိန္ဒိယသည် ရိုးရာအစဉ်အလာများနှင့်အတူ အယူသီးမှုများစွာရှိခဲ့သည့် ရှေးဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။  လွန်ခဲ့သော ရာစုနှစ်များတွင် လူမှုရေးနှင့်အယူသီးမှုများစွာကို ဖျက်သိမ်းခဲ့သည်။  


သို့သော် လူ့အဖွဲ့အစည်းကို အမှန်တကယ် ခြိမ်းခြောက်နေသော မကောင်းသောအလေ့အကျင့်အချို့ကမူ တည်ရှိနေဆဲဖြစ်သည်။  အိန္ဒိယတို့ ၏ မှော်ဂန္ဓာရီ ပညာများတွင်

ယျာစျနဝိဇ္ဇာ၊

မန္တရဝိဇ္ဇာ၊

ဂန္ဓာရီဝိဇ္ဇာနှင့်

မဟာဂန္ဓာရီဝိဇ္ဇာဟူပြီး ၄မျိုးခွဲထားသည်။ 

ယျာစျနဝိဇ္ဇာသည် သက္ကတဝေါဟာရဖြင့် ယဇ်ပူဇော်ခြင်းဟု အဓိပ္ပါယ်ထွက်သည်။ 


ယင်း၏နည်းလမ်းများမှာ အစီအရင်ပွဲများကျင်းပခြင်း၊ယဇ်ပူဇော်ခြင်း၊ပရလောကမှစ နာနာဘဝနှင့်နတ်တို့၏အကူအညီများဖြင့်သိဒ္ဓိရယူခြင်းတို့ပင်ဖြစ်သည်။ 


ထိုကြောင့်ဓာတ်ရိုက်ဓာတ်ဆင်ခြင်း၊ ယတြာပြုခြင်း၊နတ်ပင့်နတ်ကိုးကွယ်ခြင်း၊ နာနာဘဝများကိုမွေးခြင်း၊အောက်လမ်းပညာ၊ အင်းပညာစသော ရုပ်ဝထ္ထူအစီအရင်များနှင့် ပရလောကသားများကို အားကိုး၍တန်ခိုးရရှိအောင်ပြုလုပ်ခြင်းတို့မှာ ယျာစျနဝိဇ္ဇာပညာဟုခေါ်သည်။



မန္တရဝိဇ္ဇာကမူ မန္တာန်များကိုရွတ်ဖတ်သရဇ္စျာယ်ခြင်းဖြင့် မန္တန်စောင့်နတ်များ၏ အကူအညီကိုရယူခြင်းပင်ဖြစ်သည်။ 

ဂန္ဓာရီဝိဇ္ဇာမှာ စိတ်တန်ခိုးရရှိရေးအတွတ် ကျင့်ကြံအားထုတ်ပြီးနောက် ထိုစိတ်တန်ခိုးဖြင့်အကြားအမြင်ပေါ်က်ခြင်း၊ ပရလောကနှင့်ဆက်သွယ်နိူင်ခြင်းတို့ပင်ဖြစ်သည်။ 


မဟာဂန္ဓာရီဝိဇ္ဇာကမူ ဘာသာရေးသက်သက်သာလိုက်စားပြီး ကျင့်ကြံအားထုတ် ပေါ်က်မြောက်လာသူများပင် ဖြစ်သည်။ 


ထိုအထဲမှ Black magic နွယ်သော ယျဈနဝိဇ္ဇာမှော်အတတ်ဆိုင်ရာများနှင့် ပက်သက်၍ အိန္ဒိယတွငိ Mayong ရွာသည် နာမည်ကြီးလှသည်။ 


ထို Mayongဒေသသည် Black Magic ၏ Land ဟုလည်းလူသိများပြီး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Morigaonဘက်မှာရှိသော  ခရိုင်ရွာလေးတစ်ရွာဖြစ်သည်။ 


ထို Mayong တို့၏ Black of Magic နှင့်စုန်းအတတ်ပညာတွင်လည်း  ယင်းတို့၏ မှော်အတတ်နှင့်မှော်အစဉ်အလာလေ့ကျင့်ခြင်းများကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြသည်။ 


ယင်းတို့၏ သမိုင်းများအရ Narabali သို့မဟုတ်လူသားယဇ်များကို Shakti ၀ တ်ပြုမှုနှင့် ဆက်စပ်၍ ခေတ်သစ်အစောပိုင်းအထိပြုလုပ်ခဲ့ကြသည် ဟူ၏။  


မကြာသေးသော ကာလကလည်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha တွင် လူသား ဦး ခေါင်းခွံ ၂၁ ခုကိုတွေ့ရှိခဲ့ပြီး ၎င်းသည် လူတို့အား ယဇ်ပူဇော်ခြင်း သို့မဟုတ် မှော်အတတ်နှင့်ဆက်နွယ်ခြင်းရှိနေသည်ဟု BBC Newsတွင် Nov24.2014ခုနှစ်က ဖော်ပြခဲ့သည်။ 


အရိုးများ၊ ဦးခေါင်းခွံများကိုခြောက်သွေ့နေသောပန်းများ ၊ vermillion အမှုန့်များနှင့်အတူ odishaရှိ Kushbhadra မြစ်ကူးတံတားအောက်တွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ 


ဦး ခေါင်းခွံများအနီးတွင် ခြောက်သွေ့သောပန်းများနှင့် vermillion အမှုန့်များရှိနေခြင်းက စုန်းကဝေနှင့်ဆက်စပ်မှုရှိသည်ဟုဆိုကြသည်။ ထိုအရာများကို    ဒေသခံများက ဟိန္ဒူဘာသာရေးထုံးတမ်းများတွင် မျိုးပွားခြင်းသင်္ကေတအဖြစ် သတ်မှတ်ထားကာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။ 


ထိုကဲ့သို့ "အနက်ရောင်မှော်အတတ်" ကို အိန္ဒိယနိုင်ငံ၏ ဆင်းရဲသောဒေသများတွင် လေ့ကျင့်လေ့ရှိပြီး ကလေးမွေးဖွားသောအခါများ ဖျားနာခြင်းများကိုကုသခြင်းနှင့် မိုးရွာသွန်းမှု ပိုမိုများပြားလာခြင်းကို အထောက်အကူပြုနိုင်သည်ဟု လူအများကယုံကြည်ကြသည်။ 


ထိုအဖြစ်အပျက်ကြောင့်ပင် odishaသည်လည်း mayongကဲ့သို့ပင် အနတ်ရောင်မှော်နယ်မြေအဖြစ် 

သတ်မှတ်ခံခဲ့ရသည်။ 


Odisha သည် စာတတ်မြောက်မှုနှုန်း နိမ့်ကျသော အဆင်းရဲဆုံးပြည်နယ်ဖြစ်သဖြင့် မှော်အတတ်ဖြင့် ဝင်ငွေရှာဖွေမူများ ရှိခဲ့သည်။ 


အိန္ဒိယတွင် မှော်ပညာရပ်သည် နည်းလမ်းမျိုးစုံနှင့် တည်ရှိသည်ဖြစ်ရာ ထိုများစွာထဲကပင် အိန္ဒိယမှ ယောဂီပုဂ္ဂိုလ်များသည်လည်း တမူထူးခြားလှပါသည်။ ၁၈၁၇ခုနှစ်က အိန္ဒိယရှိ ဟာရီဒတ်ဆိုသော ယောဂီတစ်ဦးသည် လာဟိုမြို့တွင် မဟာရာဂျန်ရန်ဂျစ်ရှန်နှင့် ဗြိတိသျှအရာရှိများေ့ရှ၌ အရှင်လက်လက် မြေမြှပ်ခံ၍ ပညာစွမ်းကို ပြသခဲ့ဖူးသည်။ 


ထိုအတူ အာမတ်အဘာအတီမြို့တော်ရှိ အနောက်ပိုင်းဆေးရုံတွင် ရက်ပေါ်င်း၇၀တိတိ အစာမစား ရေမသောက်ဘဲ အသက်ရှင်လျှက်ရှိသော ယောဂီဂျေနီ(၈၉)နှစ် ကို ဆရာ၀န်များက မည်သည့်စွမ်းအားကြောင့် အသက်ရှင်သန်ကြောင်း လေ့လာကြည့်ခဲ့ကြသေးသည် ဟူ၏။


Ref:wikipidia


12:44AM

Mar30.2020

Minsetwai

No comments:

ᵖˡᵉᵃˢᵉ ʸᵒᵘ ʳᵉᵃᵈ

Joker

THE JOKER FEELING Home / Contect / About / Books / Gallery MY LIFE လူလောကမှာ တကယ်အောင်မြင်ချင်လျင် နေ့တိုင်းကို စာမေးပွဲဖြေသောနေ့ဟု မှတ်ယူ...