November 11, 2020

မြန်မာပြည်မှမှော်

 မြန်မာပြည်မှမှော်


မှော်ပညာကို မြန်မာအယူအဆဖြင့်နှစ်မျိုး
ခွဲခြားထားပါသည်။ ထိုနှစ်မျိုးမှာ အောက်လမ်းမှော်ပညာနှင့်
အထက်လမ်းမှော်ပညာတို့ပင်ဖြစ်သည်။ ယင်းမှာအင်္ဂလိပ်လို White Magicနှင့်Black Magic တို့နှင့် သဘောထားတူညီလေသည်။ အောက်လမ်းမှော်ပညာကို မြန်မာတို့က တစ်နည်းအားဖြင့် လောကီမှော်ဟုခေါ်ပြီး ထိုလောကီမှော်သည် အစိမ်းသရဲ၊နာနာဘဝတို့၏
အကူအညီဖြင့် အစွမ်းပြတတ်ကြသည်။
အထက်လမ်းမှော်ပညာကမူ သူ
တော်ကောင်း ဝိညာဉ်များကို ပင့်ဖိတ်ပြီး အစွမ်းပြကြသူများဖြစ်သည်။

ထိုနှစ်ခုပုံစံကွဲပြားသော်လည်း မှော်ဟု အမည်နာမ အတူတူခေါ်ထွင်ရခြင်းကမူ လူသားများသည် မိမိအတွင်းအဇ္စျတ္တသန္တန်နှင့်တကွ အပြင်လောက အမြင်ကို သိနားလည်အောင်ကြိုးစားရာတွင် ဦးစွာ မိမိတို့၏ အာရုံငါးပါးကိုအသုံးချရလေသည်။
ထိုသို့အသုံးချမူကြောင့် ပူသည်၊အေးသည်၊ချိုသည်၊ခါး
သည်ကို အာရုံများတွင် ခံစားသိရှိကြရသည်။ ထိုကဲ့
သို့ အာရုံဒွါရအားဖြင့်
သိသောအရာများသည် ဒြပ်
ရုပ်ဝထ္ထူများနှင့် ယင်းတို့၏ပြုပြင်ပြောင်းလဲမူများ
သာဖြစ်ပေသည်။ ထိုကြောင့် ဆိုရပါလျှင်မြင်မှ၊
သိမှ၊တွေ့မှ၊ကြားမှသိသော အသိကဲ့သို့ပင် ဤလောကတွင် မမြင်၊မကြား၊မတွေ့ဘဲနှင့် သိသောအသိလည်းရှိကြပါ၏။ ထိုသို့သိသောအသိကိုပင်
 မှော်ဟုတစ်မျိုး၊ ဝိဇ္ဇာဟုတစ်သွယ် ဂန္ဓာရီဟုတစ်ဖုံ အမျိုးမျိုးခေါ်ဝေါ်သုံးစွဲနေကြခြင်းသာ ဖြစ်သည်။

မြန်မာ့မှော်ပညာရပ်ကို ပြန်လှန်၍ ကြည့်လျှင် အစောဆုံးတွေ့ရသော အထင်ရှားဆုံးဖြစ်ရပ်လေးတစ်ခုကို သိကြလိမ့်ဦးမည် ထင်ပါသည်။ ထိုဖြစ်ရပ်သည် မြန်မာပြည်မှမဟုတ်သော်လည်း မြန်မာတို့နှင့် သက်ဆိုင်သောဖြစ်ရပ်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလက အရှင်ဒေဝဒတ်သည် မြေလျိုးမိုးပျံလျှက် အဇာတသတ်မင်းဝါးငယ်ကို စည်းရုံးရန်အလိုဌ လသာပြတင်းမှတဆင့်ဝင်ခဲ့ပြီးလျှင် မြွေတစ်ကောင်ကို တန်ခိုးပြဖန်ဆင်းကာ မင်းသားငယ်ကို လှည့်စားပြီး ဆရာအခေါ်ခံယူခဲ့သည်။ ထိုဖြစ်ရပ်သည် ထင်ရှားသော မှော်ပညာရပ်တစ်ခုဟု ဆိုချင်ပါသည်။ ပုဂံခေတ်တွင် အနော်ရထားမင်းမတိုင်မီကလည်း အထက်လမ်းပညာ ၊ အောက်လမ်းပညာနှင့် စုန်းကဝေပညာရပ်မှာ ထွန်းကားခဲ့ပါသည်။ ထိုပညာရပ်ကို လေ့လာလိုက်စားသူများသည် ဂိုဏ်းများထူထောင်ကြသလို အချို့စုန်းကဝေပညာရှင်များကလည်း နောင်ပွင့်မည့် အရိမေတ္တာယျဘုရှားရှင်ကို ဖူးမျှောနိူင်ရန်အတွက် အသက်ဆွဲဆန့်နေထိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်ဟုလည်း ဆိုကြသည်။ ပညာရှင်အများစုကမူ မှော်နှင့်ဆိုင်သော ပညာရပ်များကို မကောင်းသောဘက်၌ အသုံးပြုခဲ့ကြပါသည်။

ထိုသို့ မကောင်းသောဘက်၌ အသုံးပြုခဲ့ကြသူတို့တွင် အရည်ကြီးတို့မှာ ထင်ရှားလာခဲ့ပြီး လူတို့၏ကိုးကွယ်ယုံကြည်မူကိုပါ ရရှိလာခဲ့ကြသည်။ ထိုအရည်ကြီးကို ကိုးကွယ်ကြသူများသည် မိမိတို့ လက်ထပ်ထိမ်းမြားကြသောအခါတွင် မိမိ၏ဇနီးလောင်းကို အရည်ကြီးတို့ထံ ညအိပ်လွှတ်ပြီး အိမ်ထောင်မူဆိုင်ရာ ဆုံးမစကားများကို နာယူမှတ်သားခိုင်းစေခဲ့သည်။ ထိုနောက်တွင် အခွင့်အရေးရလာသော အရည်ကြီးတို့မှာ ထိုအချက်ကိုအကြောင်းပြု၍ ပန်းဦးဆက်သရသောဝါဒအဖြစ်သို့ ပြောင်းလဲလာခဲ့ကြသည်။ ထိုကာလဝယ် အနော်ရထားသည် ပုဂံပြည်ရှင်ဖြစ်လာပြီး အရည်ကြီးတို့၏ဝါဒမျာကို နှိမ်နှင်းခဲ့သည်။

ထိုအနော်ရထာမင်းလက်ထပ်တွင် ထင်ရှားသော မှော်ပညာဆိုင်ရာ သာဓကများကိုလည်း မြင်တွေ့ခဲ့ရသည်။ အနော်ရထာမင်းကြီးသည် သထုံသို့ စစ်ချီတတ်ခဲ့ရာ သထုံဘုရင်သည် လူစွမ်းကောင်း ဗျတ်ဝိကို ကွတ်မျတ်ထားပြီး ဗျတ်ဝိ၏အသွေးအသားများကို မှော်ပညာဖြင့် အစီအရင်များ ပြုလုပ်ခဲ့သည်။ ထိုနောက် အစီအရင်ပြုလုပ်ထားသော ဗျတ်ဝိ၏ အသွေးအသားများကို မြို့တံခါးပတ်ပတ်လည်တွင် မြှပ်နှံကာ ဗျတ်ဝိကို မြို့တံခါးအစောင့်အဖြစ် စောင့်ကြပ်စေခဲ့သည်။ ထိုသို့အစီအမံများ ပြုလုပ်ခဲ့သောကြောင့် ဗျတ်ဝိစောင့်ကြပ်နေရသော မြို့ရိုးကို ပုဂံသူရဲကောင်းတို့ မကျော်ဖြတ်နိူင်ခဲ့ကြချေ။ သို့သော် ဗျတ်ဝိသည် သူ့ညီ ဗျတ္တကိုအိမ်မက်ပေးကာ သူ၏အသွေးအသားကင်းလွတ်ခဲ့သော ကြက်မတစ်ဝပ်စာနေရာတစ်ခုကို ပြောပြခဲ့သည်။ ထိုနေရာမှပင် ပုဂံသူရဲကောင်းတို့သည် သထုံမြို့တွင်းသို့ ဝင်ရောက်လာနိူင်ခဲ့ပြီး သထုံကို သိမ်းယူနိူင်ခဲ့ကြသည်။ ဤတွင် သထုံဘုရင်၏ မှော်ပညာဆိုင်ရာ အစီအမံအသုံးချခဲ့ခြင်းကို ကွက်ကွင်းစွာ မြင်တွေ့နိူင်ခဲ့သည်။

ထိုသို့ မှော်ပညာကို အသုံးချရာတွင် သထုံမင်းမျှသာ မဟုတ် အနော်ရထာမင်းကိုယ်တိုင်လည်းအသုံးချခဲ့ပါသည်။ အနော်ရထားသည် ပုဂံသို့ မနူဟာမင်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက်၌ ဖြစ်သည်။ မနူဟာမင်းသည် အာဏာစက်ပြင်းသော ဘုရင်တစ်ပါးဖြစ်သောကြောင့် ယင်း၏အာခံတွင်းမှ အရှိန်အဝါများ တောက်ပလျှက်ရှိသည်။ ယင်းကို အနော်ရထာမင်းမှ သိမြင်သောအခါ တစ်ချိန်တွင် မနူဟာမင်းသည် မိမိကိုပြန်တော်လှန်လာနိူင်သည်ဟု မှတ်ယူပြီး လင်ပန်းတွင် အင်းအစီအရင်များလုပ်၍ ထိုလင်ပန်းတွင် အစားအသောက်များထည့်ပြီး မနူဟာမင်းကို ကျွေးမွေးခဲ့သည်။ မနူဟာမင်းသည် ထိုအစားအသောက်များကို စားပြီးနောက် သူ၏အာဏာစက်များ ပျေက်ကွယ်သွားရကာ စွမ်းဆောင်ရည်ပါ ကင်းမဲ့သွားရချေတော့သည်။ ယင်းဖြစ်ရပ်တွင် အနော်ရထား၏ အင်းအစီအရင်ပြုလုပ်မူမှာလည်း မှော်ပညာတစ်ခုပင် ဖြစ်သည်။ ဆိုပါလျှင် မြန်မာနိူင်ငံတွင် ပုဂံခေတ်မှအစပြု၍ မှော်ပညာဆိုင်ရာ အကြောင်းအရာများမှာ အလွန်တရာမှ များပြားစွာရှိခဲ့ပါသည်။

ထိုအကြောင်းအရာများထဲတွင် စုန်းတို့၏ အကြောင်းမှာလည်း မပါမပြီးဟု ဆိုရပါမည်။ ထိုစုန်းပညာနှင့် ပက်သတ်၍ မြန်မာတို့၏ ရှေးဟောင်းအယူအဆမှာလည်း အလွန်မှ များပြားစွာရှိပြီး စုန်းဟူသည် အရောင်အဝါတောက်ပ၍ လူကိုဖမ်းစားတတ်သော တန်ခိုးရှိသည်ဟုလည်း ယုံမှတ်ထားခဲ့ကြသည်။ ယင်းနှင့်ပက်သတ်၍ လောကီအင်္ဂုတ္တိုကျမ်းရင်းတွင်မူ စုန်းအမျိုးအစား ခုနှစ်ပါးရှိသည်ဟု ပြဆိုထားကာ ကဝေသာရကျမ်းတွင်မူ စုန်းအမျိုးအစားများမှာ ထိုထက်မကများပြားသည်ကို လေ့လာတွေ့ရှိရပါသည်။

ထိုစုန်းကဝေများ၏ ဒဏ္ဍာရီအရ စုန်းကဝေများသည် လွန်ခဲ့သော နှစ် ရာပေါင်းများစွာခန့်က ယောနယ်၏ ဇရပ်များတွင် အုပ်စုလိုက်နေထိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် သူတို့၏ နောက်ကြောင်းကို လူများသိသွားကြသည့်အခါ သူတို့ကို မျိုးဆက်ပြန့်ပွားခွင့် မပေးတော့သောကြောင့် မြန်မာနိုင်ငံအရပ်ရပ်သို့ ရှောင်ထွက်သွားကြသည်။ ထိုမှစ၍ မြန်မာနိုင်ငံအနှံ့အပြားဝယ် စုန်းကဝေအယူအဆများမှာ လူသိများလာခဲ့သည်ဟု နန်းစဉ်သုံးဂါထာမန္တန်ကျမ်းထဲတွင် ဖော်ပြထားပြန်ပါသည်။ ပုဂံခေတ်တွင် ကိုးကွယ်ခဲ့ကြသော အရည်းကြီးများလည်း အထက်လမ်း စုန်းကဝေပညာရှင်များဖြစ်ကြောင်းကိုလည်း ဖော်ပြထားသေး၏။

 နောက်ထပ် မြန်မာနိူင်ငံဝယ် လူသိများသော မှော်ပညာရပ်နောက်တစ်ခုကမူ မန္တန်ပင်ဖြစ်သည်။ မန္တန်နှင့် ပတ်သက်၍ မန္တန်များကို ရွတ်ဖတ်ခြင်းသည် မကောင်းဆိုးဝါးများကို ကြောက်လန့်မူ ဖြစ်ပေါ်စေပြီး၊ ဘေးအန္တရာယ်မှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာကို တိုးဟွးစေနီူင်သည်ဟူသော ယူဆချက်မှာ ကမ္ဘာဦးမှ စ၍ ယနေ့ထိတိုင် လူတို့ယုံကြည်ထားကြသော အရာတစ်ခုပင်ဖြစ်နေခဲ့သည်။ “မန္တန်” ဟူသောစကားမှာ သက္ကတ “မနြ ္တ” ဖြစ်၍ ပါဠိပြန်ဆိုလျင် “မန ္တ” ဟု အမည်ရပြီး မြန်မာအဓိပ္ပါယ်မှာ “အတတ်ပညာ” ဟုဆိုထားလေသည်။ သို့သော် ထိုအတတ်ပညာမှာ လောကုတ္တရာဆိုင်ရာ အတတ်ပညာများဟုမဆိုသင့်ဘဲ လောကီအတတ်ပညာ ဗေဒင်စသည့်တို့နှင့်သာ သက်ဆိုင်သည်ဟုလည်း အချို့ပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။

 နောက်ထပ် မြန်မာပြည်တွင် အတိတ် နိမိတ် တဘောင်ပညာရပ်တို့ကိုလည်း ထင်ရှားစွာ တွေ့မြင်ရနိူင်ပါသည်။ ထိုအတိတ်နိမိတ်ပညာကမူ ကမ္ဘာဦးကတည်းကရှိခဲ့သည်ဟု ဆိုရမလိုပင် ဖြစ်သည်။ အာဒိကပ္ပဗြဟ္မကြီးများသည် ကမ္ဘာဦးအစတွင် ဦးစွာပေါ်ထွက်လာသော ကြာပင်ကို အတိတ်နိမိတ်ယူ၍ ကြာပင်အရေအတွက်အတိုင်း ဘုရားဘယ်နှဆူပွင့်မည်ကို နိမိတ်ဖတ်ခဲ့ကြသည်။ ကြာပန်းတစ်ပင်မှ မပေါ်ပါက ထိုကမ္ဘာတွင် ဘုရားမပွင့် ဟူ၏။


 နိမိတ်ဟူသည်မှာမူ နိမိတ္တဖြစ်ပေါ်လာသော အကျိုးတရား၏ အရင်းခံအကြောင်းတရားဟု ဆိုသည်။ ထိုနိမိတ်မှာက နှစ်မျိုးရှိသည်။ ယင်းတို့မှာ ပုဗဗ္ဗနိမိတ် ပရနိမိတ်တို့ဖြစ်ပြီး ပုဗ္ဗနိမိတ်မှာ ေ့ရှဖြစ်မည် အကြောင်းအရာကို ဖတ်သောနိမိတ်ဖြစ်ပြီး ပရနိမိတ်ကမူ ဖြစ်ခဲ့ပြီးသောအကြောင်းအရာတို့ကို ဖတ်ရသောနိမိတ်ဟူ၏။ ဤသို့ဖြင့် မှော်ပညာရပ်အသီးသီးတို့သည် မြန်မာပြည်တွင် ယနေ့ထိတိုင် အသုံးပြုလျှက် ရှိနေကြသေးသည်ကိုလည်း နိူင်းယှဉ်ကြည့်မြင် လေ့လာလျှင် မှော်ပညာဆိုင်ရာများကို အမှန်တကယ်တွေ့မြင်နိူင်မည်ဖြစ်ပါသည်။



ကိုကား
အင်တာနတ်ဝက်ဆိုဒ်များ
#ဆရာမကွေးဝင်းမြင့်၏ မြန်မာ့ရိုးရာ မြန်မာဓလေ့ အတိတ်နိမိတ်

1:08AM
Aug9.2020
#Minsetwai

No comments:

ᵖˡᵉᵃˢᵉ ʸᵒᵘ ʳᵉᵃᵈ

Joker

THE JOKER FEELING Home / Contect / About / Books / Gallery MY LIFE လူလောကမှာ တကယ်အောင်မြင်ချင်လျင် နေ့တိုင်းကို စာမေးပွဲဖြေသောနေ့ဟု မှတ်ယူ...