ဆွီဒင်ဘော့လ်(Emanual Swedenborg 1688-1722)
ဆွီဒင်ဘော့လ်သည် ဆွီဒင်နိူင်ငံသား တွေးခေါ်ပညာရှင်တစ်ယောက် ဖြစ်သလို ဘာသာရေး ဆရာတစ်ဦးလည်းဖြစ်သည်။ သူသည် သိပ္ပံဘာသာရပ် အားလုံးလိုလိုကို လိုက်စားဖူးခဲ့သူတစ်ယောက်ဖြစ်သည်။ သူသည် ဆွီဒင်သတ္တူတွင်း အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ သတ္တူတွင်းထွက် ပစ္စည်းများကို တန်ဖိုးဖြတ်ရသော ရာဖြတ်အလုပ်ကို လုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ကိုင်ရင်း သိပ္ပံဘာသာရပ်များကို အတော်စုံစုံ လေ့လာခဲ့ပြီးနောက် စိတ်ပိုင်း နာမ်ပိုင်း ဝိညာဉ်ပိုင်းဆိုင်ရာ ဘာသာရပ်များကို ထပ်မံ လေ့လာပြန်သည်။ ထိုသို့လေ့လာရာမှ သူ၏ အာရုံစိုက်ထုတ်နိူင်မူ စိတ်တည်ငြိမ်မူများကြောင့် ၁၉၄၇ခုနှစ်တွင် အာရုံထူးများ ပွင့်လာခဲ့သည်။ ထိုနောက် တမလွန်လောက ခေါ် ပရလောကသို့ မြင်နိူင် ကြားနိူင် ဆက်သွယ်လာနိူင်ခဲ့သည်။ ထိုအတွေ့အကြုံများကို အခြေပြု၍ တမလွန်အကြောင်းများကို ရေးသားပြီး ထုတ်ဝေခဲ့သည်။ ထိုအထဲမှ Heaven And Hell စာအုပ်မှာ အလွန်အောင်မြင်ထင်ရှားခဲ့သည်။
သူသည် သေမင်းတံခါးဝသို့ ကိုယ်တိုင် ရောက်ရှိခဲ့ဖူးပြီး သူတွေ့ကြုံ့လာရသော အတွေ့အကြုံများကို သူ၏စာအုပ်ထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်။ သူက နတ်သားများဟု ခေါ်ဆိုသော ဝိညာဉ်လောကမှ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရာတွင် လူ့ပြည်မှ ဆက်သွယ်မူ ပုံစံများကဲ့သို့မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦးစိတ်ဖြင့်ဆက်သွယ်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ သူက အထူးသဖြင့် နတ်ဝင်ခြင်းစွမ်းအင်ကို ယုံကြည်ခဲ့သည်။
တစ်ခါက သူ့ကို စတော့ဟုမ်းသံအမတ်၏ ဇနီးဖြစ်သူသည် သူမ၏ သေဆုံးခဲ့ပြီးသော ခင်ပွန်းဝိညာဉ်နှင့် ဆက်သွယ်ခိုင်းပြီး အရေးကြီးသော စာရွက်စာတမ်းများကိစ္စကို မေးမြန်းပေးရန် အတွက် အကူအညီတောင်းခံခဲ့သည်။ သိပ်မကြာခင်မှာပင် ဆွီဒင်ဘော့လ်သည် ထိုမိန်းမအား ဗီရိုအတွင်းရှိ လျိုဝှတ်မှတ်တမ်းများထဲသော အံဆွဲထဲတွင် သူမမေးသော စာရွက်စာတမ်းများရှိကြောင်း ပြောပြခဲ့ရာ သူပြောသည့်အတိုင်း မှန်ကန်လျှက်ရှိကြောင်း တွေ့မြင်ခဲ့ကြသည်။ ယင်းမှာ ဆွီဒင်ဘေ့ာလ်သည် သံအမတ်ကြီး၏ဝိညာဉ်အား တွေ့ဆုံခဲ့ခြင်းမျိုးမဟုတ်ဘဲ သူ၏အမြင်အားဖြင့် စတော့ဟုမ်းမှ မိုင်၃၀၀ခန့် ကွာဝေးသော ဒေသတစ်ခုဆီသို့ မနောအာရုံဖြင့် ရှာဖွေမူပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။
ထိုသို့ဖြင့် တစ်နေ့တွင် ဆွီဒင်ဘော့လ်သည် ညနေခင်း ၆နာရီလောက် အချိန်၌ ဆွီဒင်ပြည် ရိုသင်းဘတ်မြို့တွင် သူ၏မိတ်ဆွေများနှင့်အတူ ညစားစားနေခဲ့သည်။ ထိုအခိုက် သူသည် ရုတ်တရတ် စိတ်လှုပ်ရှားလာကာ စတော့ဟုမ်းမြို့တွင် ကြောက်စရာကောင်းသော မီးလောင်မူ ဖြစ်ဟွးနေကြောင်း အထိတ်တလန့်ဖြင့် ထပြောခဲ့သည်။ စတော့ဟုမ်းသည် ဆွီဒင်ဘော့လ်၏ ဇာတိမြို့ဖြစ်ပြီး ရိုဟင်ဘတ်နှင့်မိုင်ပေါ်င်း ၃၀၀မျှဝေးသည်။ ထိုသို့ပြောပြီး သိပ်မကြာမီ ထပ်၍ မီးမှာ သူ့အိမ်နှင့်မလှမ်းမကမ်းရှိ အိမ်သို့ကူးစက်လောင်မြိုက်နေပြီးဖြစ်ကြောင်းနှင့် သိပ်မကြာမီ သူအိမ်သို့ မီးကူးလာနိူင်ကြောင်း ထပ်မံပြောဆိုခဲ့သည်။
ည၈နာရီသို့ ရောက်ရှိသောအခါတွင်မူ သူသည် သက်ပြင်းချလိုက်ပြီး မီးသည် သူ့အိမ်မရောက်မီနှစ်အိမ်ကျော်တွင် ငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုလေသည်။ နောက်၂ရက်ခန့်အကြာတွင်မူ သူပြောသမျှ အားလုံးအမှန်တွေချည်းဖြစ်ကြောင်း မိတ်ဆွေများက ကြားသိကြရသည်။ ထိုကြောင့်ပင် သူ၏အမြင်အာရုံထူးကို အားလုံးက လက်သင့်ခံခဲ့ကြပေတော့သည်။
ကိုကား
မနောသုတေသီ၏ ဂမ္ဘီရစာဟေဝန်
2:17AM
Apr22.2020
𝑴𝒊𝒏𝒔𝒆𝒕𝒘𝒂𝒊

No comments:
Post a Comment