မီလာနီစီယန် လူမျိုးများ(Melanesian)
မီလာနီစီယမ်ဟူသော လူမျိုးများနှင့်ပတ်သက်သော မှတ်တမ်းများတွင် ထိုသူတို့သည် ပစီဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဘက် ဧရိယာထဲရှိ ထောင်ပေါ်င်းများစွာသော ကျွန်းများပေါ်တွင် နေထိုင်ကြပြီး ထူးခြားသော ယဉ်ကျေးမူပုံစံ အမျိုးမျိုးရှိသော လူမျိုးများဖြစ်သည်ဟူ၏။ ထိုဒေသရှိ အဓိကကျွန်းစုများမှာမူ နယူးဂီနီ၊ ဗာနူအာ၊ admiralty ၊ trobriand ၊ ဆော်လမွန်(Solomon)ကျွန်းများနှင့် ဖီဂျီကျွန်းတို့ပင် ဖြစ်သည်။ ထိုအထဲမှ နယူးဂီနီ မြောက်ဘက်နှင့်အေ့ရှဘက်ရှိ ကျွန်းများမှာ လွန်ခဲ့သောနှစ်သန်းပေါ်င်း ၃၀၀၀ကျော်က သြစသြေးလျလူမျိုးတို့ ပြောင်းလဲအချေစိုက် နေထိုင်ခဲ့ကြသည့်ကျွန်းများဖြစ်သည်။ ထိုကျွန်းတစ်ခုစီတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ယုံကြည်မူများ အသီးသီးရှိကြသည်။
မီလာနီစီယမ်လူမျိုးများသည် မှော်သတ္တိများသည် သဘာဝတရားထဲ၌ ၊ အရာဝထ္ထူများထဲ၌ ကိန်းအောင်းတည်ရှိနေသော တန်ခိုးများဖြစ်သည်ဟု ယုံကြည်ထားကြသည်။ သို့သော် ထိုလူမျိုးများ၏ ကိုးကွယ်ယုံကြည်မူမှာ အရာဝထ္ထူပစ္စည်းသက်သက်ကို ရှိခိုး ကိုးကွယ်ခြင်း မဟုတ်ဘဲ ထိုအရာဝထ္ထူထဲတွင် စွဲကပ်နေသော ဝိညာဉ်၊ သို့ အစောင့်နတ်ကိုသာ ပူဇော်ပသခြင်းပင် ဖြစ်သည်။ ထိုအတွက် သူတို့၏ ထုံးထမ်စဉ်လာအရ ဆင့်ခေါ်ခြင်း၊ သဘာဝလွန်သော သတ္တဝါများနှင့် အင်းအားစုများကို ထိန်းချုပ်နိူင်ဖို့ မှော်ပညာဆိုင်ရာများကိုလည်း ပြုလုပ်လေ့ရှိကြသည်။ ထိုအပြင် ကွယ်လွန်ပြီးဖြစ်သော ဘိုးဘွားဝိညာဉ်များ၏ တည်နေရာနှင့် လှုပ်ရှားမူများကိုသိနိူင်ရန် အိပ်မက်အနတ်ဖက်ခြင်းနှင့်ဗေဒင်တွက်ခြင်းများ ပြုလုပ်၍လည်း ရှာဖွေဖော်ထုတ်လေ့ရှိကြသည်။
ဗနူတူ(Vanuatu)ကျွန်းပေါ်တွင် နေထိုင်သူများကမူ လူတို့တွင် စိတ်နှစ်မျိုးရှိ၏။ ကွယ်လွန်သောအခါတွင် တစ်မျိုးမှာ နောင်ဘဝသို့သွားပြီး အခြားနောက်တစ်မျိုးမှာမူ တိရိစ္ဆာန်၊ အပင် သို့ ရုပ်ဝထ္ထူတစ်ခုအဖြစ်သို့ ပြောင်းလဲကျန်ရစ်ခဲ့သည် ဟူ၏။ တမလွန်သို့ ရောက်သွားသောဝိညာဉ်များမှာလည်း လူ၊ တိရိစ္ဆာန် ပုံစံအမျိုးမျိုးဖြင့် သူတို့၏ ဝန်းကျင်တွင် နေထိုင်သွားလာနေကြသည်။ ထိုအခြေအနေကို ဆန်းစစ်လျှင် မီလာနီစီယမ်တို့သည် ယေဘုယျအားဖြင့် တမလွန်ဘဝကို ယုံကြည်သူများဖြစ်ကြသည်။ နယူးဂီနီတွင် သေဆုံးသွားသော ဝိညာဉ်များကို အက်ဒီရီဟု ခေါ်သည်။ ဗာနူတူမှာက Banoi ဖြစ်ပြီး အခြားကျွန်းများတွင်က Tamudurereဟုလည်း ခေါ်ဆိုကြသည်။
မီလာနီစီယမ်လူမျိုးများအတွက် မှော်ပညာအပေါ်ခံယူချက်မှာ လူ့ဘောင်အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မူရှိစေရန်နှင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ချမ်းသာရေး နှင့် လူမူရေးတို့ကိုပါ အထောက်အကူပေးရန်အတွက်ဖြစ်သည်။ ဗနူတူကျွန်းနှင့် နယူးဗြိတိန်ကျွန်းတွင် နေထိုင်သူတို့မှာ ဖန်ဆင်းရှင်ဘုရားကဲ့သို့ ယုံကြည်ရသော Kabinana နှင့် Karvuvu ဟူသည် အမြွှာညီအစ်ကို နတ်ဘုရားကို ကိုးကွယ်ကြကာ ထိုနတ်ဘုရားများအတွက် သွေးကိုအသုံးပြု၍ မြေပေါ်ဖြန်းပေးခြင်းဖြင့် ပူဇော်ပသမူများပြုလုပ်ကြသည်။ Kabananaသည် ကောင်းမွန်သောအရာများများကို ဆောင်ယူပေးသော နတ်ဘုရားဖြစ်ပြီး Karvuvuသည် မကောင်းမူနှင့် အခြားသောပြဿ နာများကို ကိုင်တွယ်ဖြေရှင်းပေးသော နတ်ဖြစ်သည်။
မီလာစီနီယမ်တို့၏ နောက်ထပ်ထူးဆန်းသော အယူအဆတစ်ခုမှာ ကမ္ဘာပေါ်တွင် ပေါ်ပေါ်က်လာခဲ့သော ဒဏ္ဍာရီသတ္တဝါကြီးများသည် ပင်လယ်မှထွက်ပေါ်လာခြင်းမဟုတ်ဘဲ၊ မြေအောက်မှ ထွက်ပေါ်လာကြခြင်းဖြစ်သည်ဟူ၏ ထိုအကြောင်းအရာအပေါ် အာရုံစိုက်ကြီးပါလျှင် ကြီးမားသောသတ္တဝါများကို ရေအောက်တွင်သောရှိသည်ဟု ယနေ့ခေတ်ကျွန်တော်တို့၏ ယုံကြည်မူမှာ နောင်တစ်ချိန် လွဲမှားကွဲပြားဦးမည်ဟု ကျွန်တော်ယူဆမိသည်။ သူတို့၏ ယုံကြည်မူတွင် ပထမဦးဆုံသော လူသားမှာ သစ်ပင်မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး အချို့လူသားများမှာ ရွံစေး ၊ သဲ၊ သစ်သားတို့မှာ ပေါ်ထွက်လာကြခြင်းဖြစ်၏။
မီလာနီစီယမ်တို့သည် သတ္တဝါများအပေါ် အလွန်အလေးအနတ်ထားသောသူများ ဖြစ်သည်နှင့်အညီ မြွေ ကိုလည်း အလွန်မှ အလေးအနတ်ထားကြသည်။ မြွေများသည် မျိုးဟွားခြင်းနှင့်အာဏာတို့၏ သင်္ကေတတစ်ခုဖြစ်သည်။ မြွေများက မိုးရွာခြင်း၊ ရေကြီးခြင်းတို့ကို ထိန်းချုပ်ပေးသည်။ အချို့သောမြွေများကမူ တစ်နေရာမှတစ်နေရာသို့ လှည့်လည်သွားလာပြပြီး လူတို့အတွက် ကောက်ပဲသီးနှံများ စိုက်ပျိုး၍ရနိူင်သည့်နေရာများကို ပြသသည်။ အထူးသဖြင့် Marsalaiဟု အမည်ရသော ဝိညာဉ်များသည် ရေကန်နှင့်ကျောက်တုံးများကြားတွင် နေထိုင်ကြပြီး မြွေအဖြစ်သို့ အသွင်ပြောင်းနိူင်ကြသည် ဟူ၏။ Buriausဆိုသော ဝိညာဉ်မှာမူ သစ်ပင်ကြီးများတွင် ပုန်းခိုနေထိုင်တတ်ကြပြီး ထိုဝိညာဉ်များမှာ အလွန်အရှက်အကြောက်ကြီးကြသည်။ ထို Buriausတို့ကို သစ်သားတစ်ခုမှ လူတစ်ဝက် မိကျောင်းတစ်ဝက် တိရိစ္ဆာန်ကို ဖန်တီးခဲ့ရာမှ ဖြစ်ပေါ်လာခဲ့သညိ ဟူ၏။
ထိုကဲ့သို့ သဘာဝတရားနှင့် တိရိစ္ဆာန်အကြား ဆက်သွယ်နိူင်စွမ်းရှိသော ဝိညာဉ်များကို မီလာနီစီယမ်တို့၏ မှတ်တမ်းတွင် အမြောက်အမြားတွေ့ရှိခဲ့ကြရပါသည်။ သူတို့၏ ယုံကြည်မူတွင် ဝိညာဉ်များအပေါ် ယုံကြည်မူနှင့် အနီးကပ်ဆက်စပ်နေထိုင်နိူင်မူတို့မှာ Manaအစွမ်းများကြောင့် ဖြစ်သည်။ Manaဟူသည်မှာ ဝိညာဉ်များ သတ္တဝါများဆီမှ ရရှိခဲ့သောအရာမဟုတ်၊ အခြားသော သက်မဲ့များမှလည်း ရရှိနိူင်သော ထူးခြားသည်စွမ်းအင်တစ်ခုဖြစ်သည်။ မြန်မာအယူအဆနှင့်ဆိုလျှင် အမြူတေ သို့ အမတေ တို့နှင့် ဆင်တူလိမ့်မည် ထင်မိသည်။ အခြားသော ထူးခြားသောဓလေ့ကမူ ဂီတအသံဖြစ်သည်။ဂီတသံသည် သူတို့၏ ဘာသာရေးထုံးထမ်းများတွင် အဓိကအခန်းမှ ပါဝင်သောအရာဖြစ်သည်။ သူတိုနေထိုင်ရာ ကျွန်းအတော်များများတွင် ဗုံနှင့်ပုလွေကဲ့သို့သော တူရိယပစ္စည်းများ ရှိကြပြီး ထိုပစ္စည်းများကို တီးမှုတ်၍လည်း ဝိညာဉ်များနှင့်သဘာဝလွန်သတ္တဝါများကို ဆက်သွယ်မူပြုကြသည် ဟူ၏။
Ref: :
#ဆရာဆန်းလွင်၏ လူတို့ကိုးကွယ်ရာ ဘာသာကြီးများ
encryopedia.com
Wikipedia
Sep13.2020
Minsetwai
No comments:
Post a Comment