အတ္တလန်တစ်(Atlantis)
ရှေးနှစ်ပေါင်းများစွာက အာဖရိကတိုက်
နှင့်တောင်အမေရိကတိုက်ကို ဆက်စပ်နေသော ကုန်းမြင့်ကြီးတစ်ခုရှိခဲ့သည်။ ထိုကုန်းမြင့်တွင်နိူင်ငံတစ်နိူင်ငံကို လူသားတို့ တည်ထောင်ခဲ့ကြသည်။ပြီးနောက် ထိုနိူင်ငံကို အတ္တလန်တစ်နိူင်ငံဟု အလွယ်ခေါ်ခဲ့ကြသည်။ထိုနိူင်ငံတွင် နေထိုင်သူများသည် အသိပညာအတတ်ပညာ အလွန်ကြွယ်ဝကြပြီး မှော်ပညာများကို လေ့လာလိုက်စားခဲ့ကြသူများ ဖြစ်သည်။ အတ္တလန်တစ်နိူင်ငံသားတို့သည် မှော်ပညာကိုအလွန်အကျွံလိုက်စားကြပြီးနောက် အတတ်ကျူးကာ ပညာကို အလွဲသုံးစားပြုလုပ်လာခဲ့ကြသည်။
ထိုကြောင့် နတ်ဘုရားများမှ ဒဏ်ခတ်ခြင်းများကို ပြုလုပ်ခဲ့သည်။ နတ်ဘုရားတို့ ဒဏ်ခတ်ပုံမှာ ယင်းတို့နေထိုင်သော နိူင်ငံတော်ကြီးတစ်ခုလုံးကို ရေအောက်သို့ နစ်မြှပ်ပစ်လိုက်ကြခြင်း ဖြစ်သည်။ ထိုကြောင့် အတ္တလတစ်ဆိုသော မှော်နိူင်ငံကြီးမှာ ရေအောက်တွင်ပျောက်ကွယ်သွားခဲ့ရသည်။
ယနေ့ခေတ် လူအများသည် ထိုပျောက်ကွယ်သွားခဲ့သော အတ္တလန်တစ်ကို များစွာစိတ်ဝင်စားခဲ့ကြပြီး ရှာပုံတော်များလည်း အခါခါဖွင့်ခဲ့ကြသည်။ ဂရိတွေးခေါ်ပညာရှင်ပလေတိုကလည်း အတ္တလန်တိတ်နှင့်ပတ်သက်သော စာအုပ်ကို ရေးသားခဲ့ပြန်ရာ လူတို့၏
စိတ်ဝင်စားမူမှ အထွတ်အထိပ်သို့ ရောက်ခဲ့ကြသည်။
အတ္တလန်တစ်နိူင်ငံတွင် နေထိုင်ခဲ့ကြသူများသည် စျာန်ဘုရားများကို ကိုးကွယ်ကြသည်။ အထူးသဖြင့် ယင်းတို့ကိုးကွယ်ခဲ့ကြသော စျာန်ဘုရားမှာ နေကိုအစိုးရသည့် နေစျာန်ဘုရားဖြစ်သည်။ ထိုနိူင်ငံကြီး ရေနစ်မြှပ်သောအခါ ဂန္ဓာရီပညာရှင်များနှင့်မှော်ပညာရှင်များသည် ယင်းတို့၏ တပည့်နောက်လိုက်များကိုခေါ်ဆောင်ကာ ရေဘေးမှ လွတ်မြောက်ရာ အရပ်သို့ထွက်ခွါခဲ့ကြသည်။ အချို့က ထိုထွက်ပြေးခဲ့သူတို့မှာ အီဂျစ်ပြည်သို့ရောက်ရှိသွားကြသည်ဟုလည်းဆိုကြ
သည်။
ယနေ့ခေတ်တွင် အတ္တလန်တစ်နှင့်ပတ်သတ်သော စာအုပ်များစွာ ပေါ်ထွက်နေပြီဖြစ်သည်။ အချို့အနောက်တိုင်းနိူင်ငံများတွင် အတ္တလန်တစ်မှ လူသားများ
အကြောင်း လေ့လာရန်အသင်းအဖွဲ့များပင်
ဖွဲ့စည်းဆောင်ရွတ်ခဲ့ကြသည်။ ထိုအပြင် ယနေ့ခေတ် ဂန္ဓာရီပညာရှင်များကလည်းယင်းတို့၏စိတ်စွမ်းအင်ဖြင့် ရှေးဟောင်းအတ္တလန်တစ်တို့၏သမိုင်းနှင့်ပညာရပ်များကိုလေ့လာပြီး စာအုပ်များရေးသားထုတ်ဝေ
လျှက်ရှိကြပြန်ပါသည်။ ထင်ရှားမူရှိသော အကြောင်းအရာကမူ အဂ္ဂါကေစီ၏ အတိတ်ဟောပြောချက်များ
ပင်ဖြစ်သည်။ ကေစီသည့် သူ၏ဟောစာတမ်းတွင်
ဖလော်ရီဒါနယ်(Florida) ၊ မီယာမီ(Miami)ကမ်းခြေနှင့် မလှမ်းမကမ်းရှိ ဘီမီနီ (Bimini)ကျွန်းမှာ
ရေအောက်မျြပ်သွားသော အတ္တလန်တိတ်နိူင်ငံထဲမှာ
တောင်ထိပ်ဖြစ်ကြောင်း ပြဆိုထားခဲ့သည်။
ပင်လယ်ပြင်အောက်ရှိ ထိုနေရာ၌ အတ္တလန်တိတ်
တိုက်သားတို့၏ အလွန်ကောင်းမွန်သော နမူနာပုံစံပြ ဘုရားကျောင်းတစ်ခုရှိပြီး၊ ထိုဘုရားကျောင်း၏ အမိုးခုံး
သည် နေ၏စွမ်းအင်ကို ဖမ်းယူရန်အတွက်
သလင်းကျောက်များဖြင့် အထူးပြုလုပ်ထားသော
ပုံစံတစ်ခုဖြစ်သည်ဟု ကေစီမှာ ထုတ်ဖော်ပြောကြားခဲ့လေသည်။
REF::
ဆရာမောင်ကျောက်တိုင်၏ မဟာဂန္ဓရီနိဒါန်း
ဆရာအောင်ခင်စိုး၏ စိတ်နယ်လွန် ဖြစ်ရပ်များ
_____________________________________
No comments:
Post a Comment