November 19, 2020

အီဂျစ်(Egypt)

အီဂျစ်(Egypt)

______


မတ်ဆိုပိုတေးနီးယားဒေသ၏ အနောက် ဘက် မိုင်၁၀၀၀မပြည့်သော အကွာအဝေးတွင် အီဂျစ်နိူင်ငံတော်ကြီး တည်ရှိသည်။တစ်ချိန်က ထိုအီဂျစ်နိူင်ငံတွင် မှော်ပညာ အလွန်မှထွန်းကားခဲ့သည်။ အချို့ကလည်း အီဂျစ်တို့၏မှော်ပညာမှာ အစောဆုံးဖြစ်သည်ဟုလည်းဆိုကြသည်။ အချို့ကလည်း အီဂျစ်မှမှော်ပညာသည် အတ္တလန်တစ်မှ လွတ်မြောက်ခဲ့သော မှော်ပညာရှင်တို့၏ အမွေများဖြစ်သည်ဟု ဆိုကြသည်။

မည်သို့ပင် ဆိုစေကာမူ ထိုအီဂျစ်လူမျိုးများ

သည် မူလအစတွင် တိရိစ္ဆာန်များကို

နတ်ဘုရားများအဖြစ် မှော်ဆန်ဆန် စတင်ကိုးကွယ်ခဲ့ကြသူများ ဖြစ်သည်။ အီဂျစ်လူမျိုးတို့၏ လူအုပ်စု တစ်ခုစီတွင် သက်ဆိုင်ရာ

တိရိစ္ဆာန်အစောင့်နတ်များ ကိုယ်စီ ရှိကြသည်။


ယင်းတို့အနေဖြင့် ယင်းတို့ကိုးကွယ်ရာသတ္တဝါများသည် ဘုရား၏ ဂုဏ်သတ္တိများကို

ဖော်ဆောင်ကြသည်ဟု ယုံကြည်လက် ခံထားခဲ့ကြသည်။ ထိုကြောင့် တိရိစ္ဆာန်ရုပ်တုများကို ပြုလုပ်ကြသောအခါ လူခန္ဓာနှင့် တိရိ

စ္ဆာန်ဦးခေါ်င်းကို ပေါ်င်းစပ်၍ ပြုလုပ်ခဲ့ကြ

သည်။ ထိုသို့ပြုလုပ်ခြင်းမှာ နတ်ဟူသည် လူနှင့်တိရိစ္ဆာန်ပေါ်င်းစပ်ထားသော ထူးဆန်းသောသတ္တဝါအဖြစ် ရှုမြင်သောကြောင့်လည်း ဖြစ်၏။


အီဂျစ်လူမျိုးများသည် သေရမှာကြောက်သော အစွဲရှိသူများဖြစ်ရာ သေပြီးနောက်တွင် အေးချမ်းစွာနေထိုင်နိူင်ရန် မှော်ပညာကို အသုံးချခဲ့ကြသည်။ဘီစီ၃၀၀၀ခန့်က အီဂျစ်ပြည်တွင် ဇိုဇာ(Zoser)အမည်ရှိ ဘုရင်ကြီး စိုးစံခဲ့ရာ ထိုဘုရင်သည် မြို့တော်ကြီး၏ အလယ်တည့်တည့်တွင် သူကွယ်လွန်သောအခါ မြှပ်နှံမည့် ဧရာမဂူသချိုင်းကြီး(ပီရမစ်ကြီး)ဆောက်လုပ်ခဲ့သည်။ထိုပိရမစ်မှာ အစောဆုံး ပိရမစ်ကြီးပင်ဖြစ်သည်။ထိုပိရမစ်အား အမြင့်မြတ်ဆုံးနေရာများထဲမှတစ်ခုဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက သတ်မှတ်ထားကြသည်။



ထိုအီဂျစ်ပြည်ရှိ ပိရမစ်များနှင့်ဂူသချိုင်းများသည်တစ်နည်းအားဖြင့်ဘာသာရေး အဆောက်အအုံကြီးများလည်းဖြစ်ကြသည်။ ထိုပိရမစ်များ၏ ဂူနံရံများတွင် အီဂျစ်တို့၏

ဘဝကူးပြောင်းပုံ ရုပ်ပုံများ ရေးဆွဲထားကြသည်။ ယင်းမှာ သေဆုံးခြင်းရှိသော်လည်း ဘဝဆက်သွား၍ ခန္ဓာကိုယ်နှင့်ရုပ် ဆက်လက်ပြီး ဘဝသစ်တွင် တည်ရှိသွားသည်ဟု ယုံကြည်ကြသည့်အတိုင်း ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ ထိုကြောင့် ယင်းတို့သည် သေသူ၏ရုပ်ကလာပ်ကို ဆေးစီရင်၍ ကျပ်စည်းကြသည်။ထိုနောက် သေသူပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများကို သေဆုံးသူ၏ဂူထဲတွင် ထည့်သွင်းမြှပ်နှံကြသည်။ထိုသို့ဖြင့် သေဆုံးသူသည် တမလွန်ဘဝတွင် သုံးစွဲနိူင်သည်ဟု ယုံကြည်ထားကြသည်။

ထိုအတူ ဘီစီ၂၀၀၀ခန့်တွင်လည်း အီဂျစ်တို့သည်သေဆုံးသူ၏ ဂူအတွင်းသို့ စစ်သည်တော်ပုံတူ ရုပ်တုငယ်များ ထည့်သွင်းခဲ့ကြပြန်သည်။ထိုထည့်သွင်းထားသော ရုပ်တုများကို ဂါထာ၊မန္တရားတို့ဖြင့် အသက်သွင်းထားပြီး ယင်းရုပ်တုငယ်များသည် သေဆုံးသူအား နောင်ဘဝထိလိုက်လံစောင့်ရှောက်ပေးသည်ဟူ၏။


ယင်းတို့၏ ယူဆချက်အရ လူသည့်သေလွန်ပြီးနောက် ဝိညာဉ်မှာ လှေဖြင့် အနောက်အရပ်သို့ လှော်ခပ်သွားရသည်ဟူ၏ ။ ထိုသို့လှော်ခပ်သွားလျှင် အိုစီရစ်အမည်ရှိ ဘုရားသခင်ထံသို့ ရောက်ရှိပြီး ဘုရားက နောင်ဘဝအတွတ်ဆုပေးဒဏ်ပေးလုပ်သည်ဟု ဆိုကြသည်။


ယင်းနောင်ဘဝနှင့်ပတ်သတ်ပြီး အီဂျစ်တို့၏ မရဏကျမ်းမှာ အလွန်အရေးပါသောကျမ်းစာအုပ်ဖြစ်သည်။ ထိုကျမ်းစာအုပ်တွင်ဖော်ပြထားချက်များအရ လူသေသောအခါ ဝိညာဉ်သည်တမလွန်လောကသို့သွားရာ၌ လမ်းခရီးတွင်တွေ့ရမည်ဖြစ်သော အခက်အခဲများ၊အနှောင့်အယှတ်များကို မည်သို့မည်ပုံကျော်လွန်ရမည့် အကြောင်းများပင်ဖြစ်သည်။

အီဂျစ်တို့သည် ဟယ်လင်နစ်ခေတ်ကဆိုလျှင် ဂျူးတို့၏ မှော်ပညာကို အထွတ်အမြတ်ထားခဲ့ကြသေးသည်။ယင်းနှင့်ပတ်သတ်ပြီး အိပ်ဇိုဒပ်အမည်ရှိ ဟီဘရူးကျမ်းတွင်ဖော်ပြထားသည်မှာ မိုဇက်နှင့်အေရွန်သည် အီဂျစ်မှ ဖာရိုဘုရင်၏မှော်ပညာများကို အောင်နိူင်ခဲ့ကြသူများ ဖြစ်သည်ဟု ဆိုသည်။


ထိုအချိန်က မိုးဇက်သည် မှော်အတတ်နှင့်နက္ခတ္တဗေဒ ပညာရပ်များကို သင်ကြားတတ်မြောက်ပြီးသားဖြစ်ကာ ဆော်လမွန်မှာမူ ကျိန်စာနှင့်ကဝေပညာဆိုင်ရာ နည်းပညာကျမ်းများကို ရေးသားသူအဖြစ် ကျော်ကြားခဲ့ကြသည်။


REF::

ဆရာမောင်ကျောက်တိုင်၏ မဟာဂန္ဓရီနိဒါန်း

---------------------------------------------------


No comments:

ᵖˡᵉᵃˢᵉ ʸᵒᵘ ʳᵉᵃᵈ

Joker

THE JOKER FEELING Home / Contect / About / Books / Gallery MY LIFE လူလောကမှာ တကယ်အောင်မြင်ချင်လျင် နေ့တိုင်းကို စာမေးပွဲဖြေသောနေ့ဟု မှတ်ယူ...