ဟီဘရူးလူမျိုးများ(Hebrew)
ဟီးဘရူးလူမျိုးများသည် ဘာသာရေးပိုင်တွင် အထက်တန်းသို့ ရောက်ရှိခဲ့သော လူမျိုးများပင်ဖြစ်သည်။ BC1400-1200အတွင်းတွင် အာရေဗျ သဲကန္တရ၌ ဟီဘရူးလူမျိုးစုများသည် ခြေသလုံးအိမ်တိုင်လှည့်လည်နေထိုင်ကြရင်းက ပါလတ်စတိုင်းဒေသသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်က ဟီဘရူးလူမျိုးတို့၏ခေါ်င်းဆောင်မှာ မိုးဇက်(Moses) ဖြစ်သည်။ ယင်းလူမျိုးသည် မိမိကိုယ်မိမိ "အား "မြို့တော်သာတစ်ဦးဖြစ်သော အေဘရာဟမ်(Abraham)မှ တဆင့် ဆင်းသက်လာသူများဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ထိုကဲ့သို့ပင် အာရပ်လူမျိုးများသည်လည်း သူတို့ကိုယ်သူတို့ အေဘရာဟမ်၏အနွယ်များဖြစ်သည်ဟု ယုံကြည်လက်ခံထားကြသည်။
မိုးဇက်သည် သူ၏ဘက်ထပ်တွင် ဟီဘရူးလူမျိုးများအတွက် ပညတ်တော်ဆယ်ပါး(The Ten Commandnents)ကို ထုတ်ပြန်ခဲ့သည်။ ထိုပညတ်တော်ဆယ်ပါးကို ယာဝေးနတ်မှ မိုးဇက်အား ပြောပြခဲ့ခြင်းဖြစ်သည်ဟုလည်း အဆိုရှိကြသည်။ ယင်းမှာ ဟီးဘရူးလူမျိုးတို့ လိုက်နာကျင့်သုံးဖို့အတွက် ဆယ်ပါးသီလပင်ဖြစ်သည်။ ထိုဆယ်ပါးသီလကို ဟီးဘရူးလူမျိုးတို့က ကျောက်ပြားများတွင်ထွင်းထုပြီး ယင်းတို့၏ နတ်စင်ပေါ်တွင် သိမ်းဆည်းထားလေ့ရှိကြသည်။ ထိုကြောင့် ခေါ်င်ဆောင်ကြီးမိုးဇက်က ယင်းတို့အတွက် ယာဝေးဟာ တစ်ဦးတည်းသော နတ်ဖြစ်သည်ဟု ဆိုခဲ့သည်။
သို့သော်လည်း သူ့နောက်လိုက် ဟီးဘရူးလူမျိုးတွေက တစ်ဦးတည်းသောနတ်ဆိုသည်ကို ကောင်းကောင်းနားမလည်ခဲ့ချေ။ သူတို့၏ စိတ်ထဲတွင် ယာဝေးမှာ စစ်နှင့်သက်ဆိုင်သောနတ်သာဖြစ်သည်။ သဲကန္တရထဲတွင် သူတို့လှည့်လည်နေထိုင်တုန်း ဘူမျိုးစုတွေ စစ်တိုက်ကြသည့်အချိန်ကသာ ယာဝေးနတ်က သူတို့ကို ကူညီစောင်မနိူင်ခဲ့ပြီး မြို့ရွာများတွင် အခြေစိုက်ပြီး သူတို့တောင်သူလယ်သမားများ ဖြစ်လာကြသောအခါ ယာဝေးနတ်သည် မြေသြဇာနတ်လောက် သူတို့ကို ကူညီနိူင်လိမ့်မည်ဟု မထင်ချေ။
သို့သော်လည်း သူတို့သည် မူလနတ်ဖြစ်သော ယာဝေးကိုလည်း ကိုးကွယ်ကြသည်။ Baalဆိုသည့် မြေသြဇာနတ်ကိုလည်း ကိုးကွယ်ခဲ့ကြသည်။ ထိုကြောင့် ယာဝေးဟာ ဟီးဘရူးတို့၏ တဦးတည်းသော နတ်ဖြစ်ကြောင်းကို ဟီးဘရူးတို့နားလည်အောင် တမန်တော်များက ကြိုးစာခဲ့ကြရသည်။
တမန်တော်များ၏ သင်ကြားမူအရဆိုလျှင် ယာဝေးနတ်သည် တကမ္ဘာလုံး ထဲမှာရှိသော လူမျိူးပေါ်င်းစုံထဲကမှ ဟီးဘရူးတို့ကိုသာ သူ့လူတွေအဖြစ်ရွေးခြယ်ပြီး အထူးစောင့်ရှောက်ခြင်းဖြစ်သည်ဟူ၏။ ယာဝေးနတ်အလိုရှိသည့်အတိုင်း သူ့နောက်လိုက်ဟီးဘရူးများသည် ကိုယ်ကျင့်တရားနှင့်ပြည့်စုံရမည်။ သို့မှသာ ယာဝေးနတ်က ဟီဘရူးတို့ကို အထွဋ်အထိတ်ရောက်အောင် ကူညီစောင့်မကြည့်ရူမည် ဖြစ်သည်ဟု တမန်တော်အဆက်ဆက်က ဟောပြောဆုံးမခဲ့ကြသည်။
တချို့စကားအရ တမန်တော်တချို့မှာ ယာဝေးနတ်၏အသံကို ကြားနိူင်စွမ်းရှိကြသည်ဟူ၏။ ထိုတမန်တော်များထဲတွင် အလ်လိုင်ဂျာ(Elijah) ဆိုသော ပုဂ္ဂိုလ်မှာ အလွန်ထင်ရှားခဲ့သည်။ သူ၏နောက်တွင်မူ ထပ်မံထင်ရှားလာသော တမန်တော်မှာ ဘီစီ၇၅၀ခန့်က ခမာ(Amos) ဖြစ်သည်။ သူကဲ့သို့ပင် ဟီးဘရူးလူမျိုးတို့၏သမိုင်းတွင် တမန်တော်များခေတ်အဆက်ဆက်ပေါ်ပေါ်က်ခဲ့ကြပြီး ဟီဘရူးလူမျိုးတို့ အထွဋ်အထိတ်ရောက်အောင် ကူညီစောင့်မပေးခဲ့ကြလေသည်။
Feb24.2020
Minsetwai
ကိုးကား-ဦးနု၏ရုပ်စုံအခြေခံသမိုင်း
No comments:
Post a Comment